ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
မဿဲ 7:26 - မြန်မာ့စံမီသမ္မာကျမ်း ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ မကျင့်သုံးသောသူတိုင်းသည် သဲပေါ်၌ မိမိအိမ်ကိုဆောက်သည့် မိုက်မဲသောသူနှင့်တူ၏။ Common Language Bible ငါဟောပြောသောဤတရားစကားကိုကြား ပြီးနောက် မလိုက်မလျှောက်သူသည်သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူ၏။- Garrad Bible ငါ ယ ခု ဟော ပြော ချက် ကို ကြား လျက် မ လိုက် မ နာ သော သူ တိုင်း ကို ကား သဲ ပေါ် တွင် အိမ် ဆောက် သော လူ မိုက် နှင့် ငါ ပုံ နှိုင်း မည်။ Judson Bible အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါဟောပြောသော တရားစကားကို ကြား၍ မနာခံသောသူသည် သဲပေါ်၌ အိမ်ဆောက်သော ပညာမဲ့နှင့် တူ၏။ မြန်မာ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။- |
ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။
သို့ဖြစ်၍ ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် ကျောက်ပေါ်၌ မိမိအိမ်ကိုဆောက်သည့် ပညာသတိရှိသောသူနှင့်တူ၏။
မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သော်လည်း ကျောက်ပေါ်၌အုတ်မြစ်ချထားသောကြောင့် ထိုအိမ်သည် မပြိုလဲပေ။
မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည်ပြိုလဲသွား၏။ ၎င်း၏ပြိုလဲခြင်းသည်လည်း ဆိုးရွားလှပေ၏။”
သို့သော် ကြား၍ မကျင့်သုံးသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲသွားလေ၏။ ထိုအိမ်၏ပျက်စီးမှုသည်လည်း ကြီးမားလှပေ၏”ဟု မိန့်တော်မူ၏။
အို လူမိုက်၊ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်း သင်သိလိုသလော။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။