သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
မဿဲ 19:9 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။ Garrad Bible အ စ အဦး ၌ မူ ကား ထို သို့ မ ဟုတ်။ ငါ ဆို သည် မှာ မည် သူ မ ဆို မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု လျှင် သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ် သည် ဟု မိန့် တော် မူ ရာ၊ Judson Bible ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။ မြန်မာ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ |
သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ပြင် သူသည် ယုဒတောင်ကုန်းများပေါ်တွင် အထွတ်အမြတ်ထားရာနေရာများကိုလည်း တည်၍ ဂျေရုဆလင်မြို့သားများကို ဖောက်ပြန်မှားယွင်းစေ၏။ ယုဒပြည်သားများကိုလည်း လမ်းလွဲစေ၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။
ကိုယ်တော်ကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။
သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။