ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
မြည်တမ်းစကား 5:14 - မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။ Common Language Bible အသက်ကြီးသူတို့သည်မြို့တံခါးအနီးတွင် မထိုင်ကြတော့ပါ။ လူငယ်လူရွယ်များသည်လည်းသီဆိုတီးမှုတ် မှုကို မပြုကြတော့ပါ။ Garrad Bible လူ အို တို့ သည် မြို့ တံ ခါး၌ ထိုင် ခြင်း။ လူ ပျို တို့ သည် တီး မှုတ် သီ ဆို ခြင်း ကို မ ပြု ရ ကြ။ Judson Bible အသက်ကြီးသူတို့သည် မြို့တံခါးဝ၌လည်းကောင်း၊ လူပျိုတို့သည် ပွဲသဘင်၌လည်းကောင်း ကွယ်ပျောက်ကြပါ၏။ |
ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
ငါ့စောင်းသည် မြည်တမ်းသီချင်းသီဆိုရန်၊ ငါ့ပလွေသည်လည်း ငိုကြွေးသီချင်းသီဆိုရန် ဖြစ်သွားရပြီ။
အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့ချစ်သူတို့ကို ငါခေါ်သော်လည်း သူတို့သည် ငါ့ကိုလှည့်စားကြလေပြီ။ ငါ၏ယဇ်ပုရောဟိတ်များနှင့်သက်ကြီးဝါကြီးတို့သည် ဆက်လက်ရှင်သန်နိုင်ရန် အစာရေစာရှာဖွေရင်း မြို့တွင်း၌ပင် သေဆုံးကြလေပြီ။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
‘ငါသည် သီချင်းသံကို ဆိတ်သုဉ်းစေမည်။ စောင်းသံကိုလည်း သင်ကြားရတော့မည်မဟုတ်။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။