ကြည့်ရှုလော့။ ငါသည် သင့်ဝန်းကျင်မှ ကြောက်မက်ဖွယ်အန္တရာယ်ကို သင့်ထံရောက်စေမည်။ သင်တို့အားလုံး နှင်ထုတ်ခြင်းခံရမည်။ ထွက်ပြေးကွဲလွင့်သွားသောသူတို့ကို ပြန်လည်စုစည်းမည်မဟုတ်”ဟု မိန့်တော်မူ၏။
မြည်တမ်းစကား 4:15 - မြန်မာ့စံမီသမ္မာကျမ်း လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။ Common Language Bible လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။ Judson Bible သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြ၊ သွားကြ။ မထိကြနှင့်ဟု သူတစ်ပါးတို့သည် ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။ |
ကြည့်ရှုလော့။ ငါသည် သင့်ဝန်းကျင်မှ ကြောက်မက်ဖွယ်အန္တရာယ်ကို သင့်ထံရောက်စေမည်။ သင်တို့အားလုံး နှင်ထုတ်ခြင်းခံရမည်။ ထွက်ပြေးကွဲလွင့်သွားသောသူတို့ကို ပြန်လည်စုစည်းမည်မဟုတ်”ဟု မိန့်တော်မူ၏။
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။