မြည်တမ်းစကား 2:13 - မြန်မာ့စံမီသမ္မာကျမ်း
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
Ver Capítulo
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
Ver Capítulo
အို သ တို့ သ မီး ယေ ရု ရှ လင်၊ ငါ သည် သင် နှင့် ပုံ ဆောင် လျက်၊ မည် သို့ နှိုး ဆော် ရ မည် နည်း။ အို သ တို့ သ မီး က ညာ ဇိ အုန်၊ သင် နှင့် နှိုင်း ယှဉ် လျက်၊ မည် သို့ နှစ် သိမ့် စေ ရ မည် နည်း။ သင်၏ ဒဏ် ရာ သည်၊ သ မု ဒ္ဒ ရာ နှင့် အ မျှ ကျယ်၍၊ မည် သူ ကု သ နိုင် မည် နည်း။
Ver Capítulo
အို ယေရုရှလင်သတို့သမီး၊ သင်၏အမှု၌အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှာ၊ သင်နှင့်အဘယ်သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင်သနည်း။
Ver Capítulo