ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ဗျာဒိတ် 2:6 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဤတစ်ချက်ကား သင်၌ရှိ၏။ ငါမုန်းသော နိကောလဂိုဏ်းဝင်များ၏လုပ်ဆောင်မှုတို့ကို သင်လည်းမုန်း၏။ Common Language Bible သို့ရာတွင်နိကောလ၏တပည့်တို့ကျင့်ကြံပုံ ကို ငါမုန်းသကဲ့သို့သင်လည်းမုန်းသဖြင့်သင့် အားချီးမွမ်းစရာရှိ၏။ Garrad Bible ချီး မွမ်း ဖွယ် ရာ ကား ငါ ရွံ ရှာ သော နိ ကော လ ဂိုဏ်း သား တို့ အ ကျင့် အ ကြံ များ ကို သင် ရွံ ရှာ ခြင်း တည်း။ Judson Bible သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်၌ ကောင်းမွန်သည့် အချက်တစ်ချက်ရှိသေး၏။ နိကောလတပည့်များ၏အကျင့်တို့ကို ငါမုန်းသကဲ့သို့ သင်လည်းမုန်း၏။ |
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ဆိုးညစ်သောအမှုအရာကို အကျွန်ုပ်မျက်မှောက်မပြုပါ။ လမ်းလွဲသောသူတို့ပြုသောအမှုကိုလည်း အကျွန်ုပ်မုန်းသည်ဖြစ်၍ အကျွန်ုပ်ကို ငြိတွယ်မည်မဟုတ်ပါ။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အစုအဝေးကို မုန်းပါ၏။ ဆိုးယုတ်သောသူတို့နှင့်လည်း အတူထိုင်မည်မဟုတ်ပါ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။