အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းအသစ်ကို သီကျူးပါမည်။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဗျာဒိတ် 14:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။ Common Language Bible ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။- Garrad Bible ပ လ္လင် တော် ရှေ့ သ တ္တ ဝါ လေး ပါး နှင့် အ ကြီး အ ကဲ တို့ ရှေ့ တွင် ဧ ချင်း သစ် ဖွဲ့ ဆို ကြ သည် ကို ကြား ရ၏။ ထို ဧ ချင်း ကို မြေ ကြီး မှ ဝယ် တော် မူ ပြီး ဖြစ် သူ၊ ထို တစ် သိန်း လေး သောင်း လေး ထောင် တို့ မှ တစ် ပါး မည် သူ မျှ သင်၍ မ ရ နိုင်။ Judson Bible ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ ရှေ့၌လည်းကောင်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင် မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတစ်သိန်းလေးသောင်းလေးထောင်သောသူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ရှေ့၌ သီချင်းသစ်ကို သီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ကယ်တင်ခံရသူ တစ်သိန်းလေးသောင်းလေးထောင်မှလွဲ၍ ထိုသီချင်းကို မည်သူမျှ မသီဆိုနိုင်။ |
အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းအသစ်ကို သီကျူးပါမည်။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဟာလေလုယ။ ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီဆိုကြလော့။ သန့်ရှင်းသူတို့၏အစုအဝေး၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
ကိုယ်တော်ထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်သောအသံနှင့်တကွ ကျွမ်းကျင်စွာတီးခတ်ကြလော့။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ သီကျူးကြလော့။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
ပင်လယ်တွင်သွားလာသောသူတို့မှစ၍ ပင်လယ်ထဲရှိရှိသမျှ၊ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ထိုအရပ်တို့၌နေထိုင်သောသူရှိရှိသမျှတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကိုသီဆိုကြလော့။ မြေကြီးစွန်းမှ ချီးမွမ်းကြလော့။
အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
ထို့နောက် ငါကြည့်လိုက်ရာ သိုးသငယ်တော်သည် ဇိအုန်တောင်ပေါ်တွင်ရပ်နေ၏။ သိုးသငယ်တော်၏နာမနှင့် ခမည်းတော်၏နာမတို့ကို မိမိတို့နဖူး၌ရေးထားသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူရှိကြ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့နောက် တံဆိပ်ခတ်နှိပ်ခြင်းခံရသောသူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုအားလုံးထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။