သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။
ဖိလိပ္ပိ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။ Common Language Bible အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးအတွက် ကျွန်ုပ်ဆုတောင်းတိုင်း ဝမ်းမြောက်စွာ ဆုတောင်းပေးလျက် ရှိ၏။ |
သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။
ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။
ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။
အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
ငါတို့သည် သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်လျက် ငါတို့၏ဆုတောင်းချက်များ၌ သင်တို့ကိုသတိရကာ
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။