ငါသည် ဖာရောမင်းကြီး၏ခွက်ဖလားကိုကိုင်ထားလျက် ထိုစပျစ်သီးတို့ကိုယူ၍ ဖာရောမင်းကြီး၏ခွက်ဖလားထဲသို့ညှစ်ထည့်ပြီးလျှင် ထိုခွက်ဖလားကို ဖာရောမင်းကြီး၏လက်သို့ဆက်သ၏”ဟု ဆိုလေ၏။
နေဟမိ 2:1 - မြန်မာ့စံမီသမ္မာကျမ်း အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။ Common Language Bible လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊- Garrad Bible အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ်၊ နိ သန် လ တွင်၊ ရှေ့ တော် သို့ စ ပျစ် ရည် သွင်း စဉ်၊ ငါ ယူ၍ ဆက် လေ ၏။ ယ မန် ရှေ့ တော် တွင် ငါ့ မျက် နှာ တစ် ခါ မျှ ညှိုး ဖူး သည် မ ဟုတ်။ Judson Bible အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။ |
ငါသည် ဖာရောမင်းကြီး၏ခွက်ဖလားကိုကိုင်ထားလျက် ထိုစပျစ်သီးတို့ကိုယူ၍ ဖာရောမင်းကြီး၏ခွက်ဖလားထဲသို့ညှစ်ထည့်ပြီးလျှင် ထိုခွက်ဖလားကို ဖာရောမင်းကြီး၏လက်သို့ဆက်သ၏”ဟု ဆိုလေ၏။
ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
အာတဇေရဇ်မင်းကြီး နန်းစံသတ္တမနှစ်တွင် အချို့သော အစ္စရေးအမျိုးသားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများ၊ သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးများသည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
ဟာခလိ၏သားနေဟမိ၏စကားများကား ဤသို့တည်း။ အာတဇေရဇ်မင်းကြီးနန်းစံအနှစ်နှစ်ဆယ်မြောက်၊ ခိသလုလတွင် ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။