La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဒံ​ယေ​လ 5:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။

Ver Capítulo

Common Language Bible

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။

Ver Capítulo

Garrad Bible

စ ပျစ် ရည် ကို သောက် လျက် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ် သား၊ ကျောက် နှင့် လုပ် သော ဘု ရား များ ကို ချီး မွမ်း ကြ လေ ၏။

Ver Capítulo

Judson Bible

စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။

Ver Capítulo



ဒံ​ယေ​လ 5:4
21 Referencias Cruzadas  

ထိုအခါ အဒေါနိယ​ဖိတ်ကြား​ထား​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​သဖြင့် ထ​၍ ကိုယ့်​လမ်း​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။


ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။


ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။


ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။


ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်းဟူသော​ဗိမာန်တော်​မှ သိမ်းယူ​ခဲ့​သည့် ရွှေ​ဖလား​တို့​ကို ယူ​ခဲ့​ပြီး ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။


ထိုခဏချင်း​တွင် လူ့​လက်ချောင်း​များ​ပေါ်လာ​၍ ဆီမီးခုံ​ရှေ့ နန်းတော်​၏​အင်္ဂတေ​နံရံ​ပေါ်တွင် စာရေး​နေ​၏​။ ထိုသို့​စာရေး​နေ​သော​လက်​ကို ရှင်ဘုရင် မြင်​လေ​၏​။


ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။


သစ်သား​ကို ‘နိုး​ပါ’​ဟု ပြော​သော​သူ​၊ စကားမပြော​တတ်​သော​ကျောက်တုံး​ကို ‘ထ​ပါ’​ဟု ပြော​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​အရာ​သည် သင်​တို့​ကို သွန်သင်​ပြ​နိုင်​မည်လော​။ ထို​အရာ​ကို ရွှေ​၊ ငွေ​တို့​ဖြင့်​မွမ်းမံ​ထား​၏​။ ထို​အရာ​၌ အသက်​အလျှင်း​မ​ရှိ​။


ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။