ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
ဒံယေလ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။ Judson Bible မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဉာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှာ တတ်စွမ်းနိုင်သောလူပျိုတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကိုသင်စေဟု အမိန့်တော်ရှိ၏။ |
ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
ထာဝရဘုရားက “အို အစ္စရေးလူမျိုး၊ ကြည့်ရှုလော့။ ဝေးသောအရပ်မှ လူမျိုးခြားတစ်မျိုးကို သင့်ထံ ငါခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် အားကြီးသောလူမျိုး၊ ရှေးကာလကပင် ရှိနှင့်သောလူမျိုး၊ သူတို့ဘာသာစကားကို သင်မသိ၊ သူတို့ပြောသောစကားကို သင်နားမလည်သော လူမျိုးဖြစ်၏။
ခါလဒဲပညာရှိတို့ကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီးသိလိုသောအရာကို ဖော်ပြနိုင်မည့်သူ ဤကမ္ဘာမှာ တစ်ယောက်မျှရှိမည်မဟုတ်ပါ။ မည်သည့်တန်ခိုးကြီးသောရှင်ဘုရင်ကမျှလည်း မှော်ဆရာ၊ ဗေဒင်ဆရာ၊ ခါလဒဲပညာရှိတို့ကို ဤသို့ မေးမြန်းလေ့မရှိပါ။
ထို့ကြောင့် ရှင်ဘုရင်၏အိပ်မက်များကို ဖော်ပြရန် ရှင်ဘုရင်သည် နတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများ၊ မှော်ဆရာများနှင့်ခါလဒဲပညာရှိတို့ကို ဆင့်ခေါ်စေ၏။ သူတို့သည်လည်း ရှင်ဘုရင်ရှေ့မှောက်၌ လာ၍ရပ်နေကြ၏။
မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။
“ထိုလုလင်နောက်သို့ ပြေးသွား၍ ‘ဂျေရုဆလင်မြို့တွင် နေထိုင်သောလူနှင့် တိရစ္ဆာန်တို့သည် အလွန်များပြားလွန်းသဖြင့် ထိုမြို့သည် မြို့ရိုးမရှိသောမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။
မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
ထို့နောက် ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့အား “တာဗော်မြို့၌ သင်တို့သတ်ခဲ့သောသူတို့သည် မည်သို့သောသူနည်း”ဟု မေးသော် သူတို့က “သူတို့အားလုံးသည် သင်ကဲ့သို့ပင် ဘုရင့်သားတော်ရုပ်ရည်ရှိသူများဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။