La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဒေသနာကျမ်း။ 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှင်ဘုရင်​နောက်မှ​ပေါ်ထွန်း​လာ​သော​သူ​သည် မည်သည့်​အရာ​ကို​ပြု​နိုင်​သနည်း​။ ထို​ရှင်ဘုရင်​ပြု​ပြီး​သော​အရာ​ကို​သာ​ပြု​နိုင်​၏​။ ထို့ကြောင့် ငါ​သည် ဉာဏ်ပညာ​ကို​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို​လည်းကောင်း ပြန်​၍​ဆန်းစစ်​ကြည့်​၏​။

Ver Capítulo

Common Language Bible

တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။

Ver Capítulo

Garrad Bible

တစ် ဖန် တုံ၊ ဘု ရင် မင်း ထက်၊ နောက် ထပ် လာ သူ သည် မည် သို့ ပြု နိုင် သ နည်း။ ပြု ရင်း တိုင်း သာ ပြု နိုင် သည် ကို ထောက် ၍၊ ငါ သည် ဉာဏ် ပ ညာ ကို လည်း‌ ကောင်း၊ ရူး သွပ် ခြင်း နှင့် မိုက် မဲ ခြင်း ကို လည်း‌ ကောင်း၊ ဆင် ခြင် ရာ၊

Ver Capítulo

Judson Bible

တစ်​ဖန်​ငါ​လှည့်၍ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တ​ရား​တို့​ကို​လည်း​ကောင်း ဆင်​ခြင်၏။ ရှင်​ဘု​ရင်​နောက်​မှာ​ဖြစ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ပြု​ဖူး​သည်​အ​တိုင်း​သာ ပြု​နိုင်၏။

Ver Capítulo



ဒေသနာကျမ်း။ 2:12
4 Referencias Cruzadas  

တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။


ယခု​ဖြစ်​နေ​သော​အရာ​သည် ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ နောင်​ဖြစ်​မည့်​အရာ​သည်​လည်း ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ ဘုရားသခင်​သည် လွန်ခဲ့ပြီး​သော​အရာ​ကို​လည်း ပြန်လည်​ရှာဖွေ​တော်မူ​၏​။


ငါ​သည် ဉာဏ်ပညာ​နှင့်​အကြောင်းအကျိုး​တို့​ကို သိရှိ​၍​စူးစမ်း​ရှာဖွေ​ရန်​လည်းကောင်း​၊ စဉ်းစားဉာဏ်​ကင်းမဲ့​ခြင်း​၏​ဆိုးယုတ်မှု​နှင့် ရူးသွပ်​ခြင်း​၏​မိုက်မဲမှု​တို့​ကို သိရှိ​ရန်​လည်းကောင်း ငါ့​စိတ်အာရုံ​ကို​ပြန်လှည့်​လိုက်​၏​။