သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
ထွက်မြောက် 5:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အား ပို၍ပင်ပန်းသောအလုပ်ကိုလုပ်စေပါ။ အလုပ်ကိုသာလုပ်စေပြီး လှည့်ဖြားသောစကားတို့ကို နားမယောင်စေနှင့်”ဟု အမိန့်ပေးလေ၏။ Common Language Bible သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။ Garrad Bible အ လုပ် တွင် စေ ရန် လုပ် ငန်း ဝန် ကို ထို သူ တို့၌ လေး ကြ စေ။ လှည့် ဖြား သော စ ကား ကို ပ မာ ဏ မ ပြု ကြ စေ နှင့် ဟု အ မိန့် ရှိ ၏။ Judson Bible သို့ဖြစ်၍ စည်းကြပ်လျက်လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။ |
သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
အဓိပ္ပာယ်မဲ့သောစကားများမှာ မပြီးဆုံးနိုင်သေးသလော။ မည်သည့်အရာက သင့်ကို နှိုးဆော်၍ ဤသို့ပြန်ပြောရသနည်း။
ထို့ကြောင့် အစ္စရေးလူမျိုးတို့ကို အဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူများသည် ထွက်သွား၍ သူတို့အား “ဖာရောမင်းကြီးက ‘ငါသည် သင်တို့ကို ကောက်ရိုးမပေး။
သို့ရာတွင် ယခင် သူတို့ပြုလုပ်သောအုတ်အရေအတွက်အတိုင်း သူတို့ကိုလုပ်စေရမည်။ အရေအတွက်ကို မလျော့စေနှင့်။ အကြောင်းမူကား သူတို့သည် ပျင်းရိကြ၏။ ထို့ကြောင့် သူတို့က ‘ငါတို့၏ဘုရားသခင်အား သွား၍ယဇ်ပူဇော်ကြစို့’ဟု အော်ဟစ်ပြောဆိုကြ၏။
ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။