ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
ထွက်မြောက် 5:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။ Common Language Bible သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။ Garrad Bible ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ။ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ။ မ ပြု က၊ ကပ် ရော ဂါ ဘေး သော် လည်း ကောင်း၊ ဓား ဘေး သော် လည်း ကောင်း၊ ကျွန် တော် တို့ အား သင့် စေ တော် မူ ပါ လိမ့် မည် ဟု လျှောက် ကြ ပြန် ရာ၊ Judson Bible သူတို့ကလည်း၊ ဟေဗြဲလူတို့၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကိုပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ဓားဘေးတစ်စုံတစ်ခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။ |
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
ကောင်းကင်ဘုံရှင်ဘုရားသခင်၏အိမ်တော်အဖို့ ကောင်းကင်ဘုံရှင်ဘုရားသခင်မိန့်မှာသည့်အတိုင်း ကြိုးစားလုပ်ဆောင်ကြလော့။ ရှင်ဘုရင်၏နိုင်ငံနှင့် သားမြေးအပေါ် အဘယ်ကြောင့် အမျက်တော်ကျရောက်စေရမည်နည်း။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
သင်သည် ဖာရောမင်းကြီးအား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ငါ၏လူမျိုးတော်သည် တောကန္တာရ၌ ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့’ဟု ဆင့်ဆိုရန် အကျွန်ုပ်ကို အရှင့်ထံသို့စေလွှတ်တော်မူ၏။ သို့သော် အရှင်မင်းကြီးသည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်သည် ဖာရောမင်းကြီးထံသို့ဝင်၍ ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သုံးရက်ခရီးအကွာအဝေးရှိသော တောကန္တာရသို့သွား၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ကြပါမည်”ဟု လျှောက်လေ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် လက်ခုပ်တီးလျက်၊ ခြေကိုဆောင့်လျက် အလို၊ အစ္စရေးအမျိုးအနွယ်တို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရတော့မည်ဟု ဆိုလော့။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် သင့်အပေါ်၌ ကပ်ရောဂါကိုစွဲကပ်စေတော်မူမည်။