La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 38:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဝင်း​ပတ်ပတ်လည်​အတွက် အောက်ခံအစွပ်​နှင့် ဝင်း​တံခါး​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ငုတ်တိုင်​ရှိသမျှ​နှင့် ဝင်း​ပတ်ပတ်လည်​၏​ငုတ်တိုင်​ရှိသမျှ​ကို​လည်းကောင်း လုပ်​၏​။

Ver Capítulo

Common Language Bible

တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

Ver Capítulo

Garrad Bible

ပတ် လည် ရှိ တံ တိုင်း အောက် ခံ ခုံ၊ တံ တိုင်း တံ ခါး အောက် ခံ ခုံ များ နှင့် စံ ရာ တော် ကြက် ဆူး၊ တံ တိုင်း ကြက် ဆူး ရှိ သ မျှ ကို လည်း ကောင်း ထို ကြေး နှင့် လုပ် လေ ၏။

Ver Capítulo

Judson Bible

ကာ​သော​ဝင်း​ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ​ခြေ​စွပ်၊ တဲ​တော်​တံ​သင်၊ ဝင်း​ပတ်​လည်၌​စိုက်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း လုပ်​လေ၏။

Ver Capítulo



ထွက်​မြောက် 38:31
4 Referencias Cruzadas  

ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။


ထို​ကြေးနီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကြေးနီ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​ကို​လည်းကောင်း​၊ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်းရာတဲ​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​ဖို့ ရက်ထည်​ဝတ်ရုံ​ကို အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​၏​။ အာရုန်​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​လည်း ရက်လုပ်​၏​။