La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 24:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​သည် သွေး​တစ်ဝက်​ကို​ယူ​၍ အင်တုံ​များ​ထဲသို့​ထည့်​ပြီး သွေး​တစ်ဝက်​ကို​ကား ယဇ်ပလ္လင်​ပေါ်သို့ ဖျန်း​လေ​၏​။

Ver Capítulo

Common Language Bible

မော​ရှေ​သည်​တိ​ရစ္ဆာန်​တို့​၏​သွေး​တစ်​ဝက်​ကို အင်​တုံ​များ​တွင်​ထည့်​၍၊ အ​ခြား​တစ်​ဝက် ကို​ယဇ်​ပလ္လင်​ပေါ်​၌​ပက်​ဖျန်း​လေ​၏။-

Ver Capítulo

Garrad Bible

မော ရှေ သည် အ သွေး တစ် ဝက် ကို အင် တုံ များ၌ ထည့်၍ တစ် ဝက် ကို ပ လ္လင် တော် ပေါ် တွင် သွန်း ပက် ပြီး နောက်၊

Ver Capítulo

Judson Bible

မော​ရှေ​သည်​လည်း၊ အ​သွေး​တစ်​ဝက်​ကို အင်​တုံ၌​ထည့်၍၊ တစ်​ဝက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​လေ၏။

Ver Capítulo



ထွက်​မြောက် 24:6
22 Referencias Cruzadas  

ပြဋ္ဌာန်းချက်​များ​၊ ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​များ​၊ သူ​တို့​အား ပြ​တော်မူ​သော​သက်သေခံချက်​များ​ကို စွန့်ပယ်​ကြ​၏​။ မိမိ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့​နောက်သို့​မ​လိုက်​ရ​၊ သူ​တို့​ကဲ့သို့​မ​ပြု​ရ​ဟု ထာဝရဘုရား​မိန့်​တော်မူ​လျက်​နှင့် သူ​တို့​သည် အချည်းနှီး​သော​အရာ​များ​နောက်သို့​လိုက်​ပြီး အချည်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။


ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​များ​ထဲတွင် မောရှေ​နှင့်​အာရုန်​တို့​ပါ​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​တို့​တွင် ရှမွေလ ပါ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။


ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။


သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။


မောရှေ​သည် သွေး​ကို​ယူ​၍ လူ​တို့​အပေါ်​သို့​ဖျန်း​လျက် “​ကြည့်​လော့​။ ဤ​သွေး​ကား ဤ​စကား​တော်​အလုံးစုံ​တို့​နှင့်အညီ သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​သော ပဋိညာဉ်​သွေး​ဖြစ်​၏​”​ဟု ဆို​လေ​၏​။


ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။


ထာဝရဘုရား​က “​ထို​ပဋိညာဉ်​သည် သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ လက်ဆွဲ​၍​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကဲ့သို့​မ​ဟုတ်​။ ငါ​သည် သူ​တို့​၏​ခင်ပွန်း​ဖြစ်​သော်လည်း ငါ​၏​ပဋိညာဉ်​ကို သူ​တို့​ချိုးဖောက်​ခဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ယဇ်ကောင်​ကို ယဇ်ပလ္လင်​၏​မြောက်ဘက်ခြမ်း ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ကောင်​၏​သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


သူ​သည် နွားထီးပျို​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူဆောင်​လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို ဖျန်း​ရ​မည်​။


သူ​သည် မိမိ​ပူဇော်​သော​နွား​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


သူ​သည် မိမိ​ပူဇော်​သော​သိုးသငယ်​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​သိုးသငယ်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် မိမိ​၏​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​ရ​မည်​။ သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ သန့်ရှင်းရာဌာန​၏​ကန့်လန့်ကာ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။


ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပဋိညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။


ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


ထို့နောက် တဲ​တော်​နှင့်တကွ ဝတ်ပြု​ရာ​တွင်​အသုံးပြု​သော​ပစ္စည်း​ရှိသမျှ​တို့​ကို​လည်း ထိုနည်းတူ​သွေး​နှင့် ပက်ဖျန်း​လေ​၏။


အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။


ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။