မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
ထွက်မြောက် 22:4 - မြန်မာ့စံမီသမ္မာကျမ်း ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။ Garrad Bible သူ ခိုး လက် တွင် ခိုး ရာ ပါ နွား၊ မြည်း၊ သိုး၊ ဆိတ် ကို အ ရှင် တွေ့ မိ လျှင် နှစ် ဆ လျော် ပေး စေ။ Judson Bible သူခိုးလက်၌ ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။ |
မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။
နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
သို့သော် သူသည် အဖမ်းခံရလျှင် ခုနစ်ဆပြန်လျော်ရမည်။ မိမိအိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပင် ပေးရမည်ဖြစ်၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။
ရှမွေလကလည်း “သင်တို့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ မယူခဲ့ကြောင်း ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ယနေ့ ကိုယ်တော်၏ဘိသိက်ခံသူလည်း သက်သေဖြစ်၏”ဟု ဆိုလျှင် သူတို့ကလည်း “သက်သေဖြစ်ပါ၏”ဟု ဆိုကြ၏။