အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။ အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။
ထွက်မြောက် 17:11 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။ Common Language Bible မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။- Garrad Bible မော ရှေ လက် ချီ၍ ထား စဉ် ဣ သ ရေ လ လူ တို့ အ ရေး သာ ၏။ Judson Bible မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။ |
အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။ အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။
သို့ဖြစ်၍ ကိုယ်တော်ကို ငါခေါ်သောနေ့၌ ငါ၏ရန်သူတို့သည် နောက်ပြန်ဆုတ်ကြလိမ့်မည်။ ဤအမှုအားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ရှိတော်မူသည်ကို ငါသိ၏။
ယောရှုသည်လည်း သူ့အားမောရှေပြောသည့်အတိုင်းပြု၍ အာမလက်လူမျိုးတို့ကိုတိုက်လေ၏။ မောရှေ၊ အာရုန်နှင့် ဟုရ တို့မူကား တောင်ကုန်းထိပ်သို့ တက်သွားကြ၏။
မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
အာဣမြို့သားတို့ကို ချေမှုန်း၍မပြီးမချင်း ယောရှုသည် လှံရွယ်ထားသောလက်ကို မချ။