La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 17:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။

Ver Capítulo

Common Language Bible

ယော​ရှု​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​ရန် စစ်​ချီ​သွား​နေ​စဉ်​မော​ရှေ၊ အာ​ရုန်​နှင့်​ဟု​ရ တို့​သည်​တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။-

Ver Capítulo

Garrad Bible

မော ရှေ မှာ ထား သည့် အ တိုင်း အာ မ လက် လူ တို့ နှင့် စစ် တိုက် ရန် ယော ရှု စီ မံ၍ မော ရှေ၊ အာ ရုန်၊ ဟု ရ တို့ သည် တောင် ထိပ် သို့ တက် ကြ ပြီး နောက်၊

Ver Capítulo

Judson Bible

မော​ရှေ​မှာ​လိုက်​သည်​အ​တိုင်း ယော​ရှု​ပြု၍၊ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​လေ၏။ မော​ရှေ၊ အာ​ရုန်၊ ဟု​ရ​တို့​သည် တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။

Ver Capítulo



ထွက်​မြောက် 17:10
9 Referencias Cruzadas  

အဇုဘ ကွယ်လွန်​သွား​လျှင် ကာလက်​သည် ဧဖရတ်​နှင့်​စုံဖက်​၍ သား​ဟုရ​ကို​ရ​၏​။


မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။


မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။


မောရှေ​က သက်ကြီးဝါကြီး​တို့​အား “​သင်​တို့​ထံသို့ ငါ​တို့​ပြန်လာ​သည့်​တိုင်အောင် ဤ​နေရာ​၌ ငါ​တို့​ကို​စောင့်​နေ​ကြ​လော့​။ ကြည့်​လော့​။ အာရုန်​နှင့်​ဟုရ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​သည်​ဖြစ်၍ မည်သူမဆို အမှုအခင်း​ရှိ​လျှင် သူ​တို့​ထံသို့​သွား​စေ​”​ဟု မှာကြား​ခဲ့​၏​။


“​ကြည့်​လော့​။ ငါ​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​လေ​ပြီ​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။


ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်မှာ​ခဲ့​သည့်​အတိုင်း မောရှေ​က ယောရှု​အား ဆင့်ဆို​ရာ ယောရှု​သည် ထို​အတိုင်း​ပြု​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား​မိန့်မှာ​ခဲ့​သမျှ​ကို ယောရှု​က မ​ပြု​ဘဲ​ချန်ထား​ခဲ့​သည်​ဟူ၍ တစ်စုံတစ်ခု​မျှ​မ​ရှိ​။