ထွက်မြောက် 14:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့သည်ပြန်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်အကြားရှိ ပိဟဟိရုတ်မြို့အရှေ့၊ ဗာလဇေဖုန်မြို့အရှေ့၌ စခန်းချရမည်။ ဗာလဇေဖုန်မြို့နှင့်မျက်နှာချင်းဆိုင် ပင်လယ်အနီး၌ စခန်းချရမည်ဟု သူတို့အား ဆင့်ဆိုလော့။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် လှည့် ၍ မိ ဂ ဒေါ လ မြို့ နှင့် ပင် လယ် စပ် ကြား ပိ ဟ ဟိ ရုတ် မြို့၊ ဗာ လ ဇေ ဖုန် မြို့ များ ရှေ့ မှာ စွဲ ရပ် စေ ခြင်း ငှါ မှာ ထား လော့။ ထို မြို့ ရှေ့၊ ပင် လယ် ကမ်း အ နီး စွဲ ရပ် ကြ ရ မည်။ Judson Bible မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာတပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာတပ်ချရကြမည်။ |
ဖာရောမင်းကြီးက အစ္စရေးအမျိုးသားတို့နှင့်ပတ်သက်၍ ‘သူတို့သည် မြေပြင်ပေါ်တွင် တဝဲလည်လည်ဖြစ်နေကြပြီ။ တောကန္တာရ၌ သူတို့ပိတ်မိနေကြပြီ’ဟု ဆိုလိမ့်မည်။
ထိုသို့ အီဂျစ်လူမျိုးတို့သည် သူတို့နောက်သို့လိုက်ကြရာ ဖာရောမင်းကြီး၏မြင်းရထားအပေါင်းတို့နှင့်တကွ မြင်းစီးသူရဲများ၊ စစ်သည်များသည် ပိဟဟိရုတ်မြို့အနီး၊ ဗာလဇေဖုန်မြို့အရှေ့၊ ပင်လယ်အနီး၌စခန်းချနေသော အစ္စရေးလူမျိုးတို့ကိုမီလေ၏။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
ကြည့်ရှုလော့။ ငါသည် သင်နှင့် မြစ်ချောင်းတို့ကို ဖျက်ဆီးမည်။ မိဂဒေါလပြည်၊ သုဏေပြည်မှ အီသီယိုးပီးယားပြည်၏နယ်နိမိတ်တိုင်အောင် အီဂျစ်ပြည်ကို ပြိုပျက်ရာ၊ တိတ်ဆိတ်ခြောက်ကပ်ရာ ဖြစ်စေမည်။
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ ပင်လယ်နီသို့ ရောက်သောအခါ အီဂျစ်လူမျိုးတို့သည် စစ်ရထား၊ မြင်းစီးသူရဲတို့ဖြင့် ထိုပင်လယ်တိုင်အောင် သင်တို့ဘိုးဘေးတို့နောက်သို့လိုက်ကြ၏။