အစ္စရေးကလည်း “သင်တို့သည် သင်တို့၌ညီနောက်တစ်ယောက်ရှိသေးကြောင်း ထိုသူအားပြောပြီး အဘယ်ကြောင့် ငါ့ကိုဒုက္ခရောက်စေသနည်း”ဟု ဆို၏။
ထွက်မြောက် 14:11 - မြန်မာ့စံမီသမ္မာကျမ်း မောရှေကိုလည်း “အီဂျစ်ပြည်၌ သင်္ချိုင်းမရှိသောကြောင့် တောကန္တာရထဲ၌သေစေရန် ငါတို့ကိုခေါ်ဆောင်လာခဲ့သလော။ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ ငါတို့ကို အီဂျစ်ပြည်ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်ခဲ့သနည်း။ Common Language Bible သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။- Garrad Bible အိ ဂျစ် ပြည် တွင် သင်္ချိုင်း မ ရှိ သော ကြောင့် တော၌ သေ စေ ရန် ငါ တို့ ကို ဆောင် ခဲ့ သ လော။ အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ မည် သို့ ပြု ဘိ သ နည်း။ Judson Bible မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ |
အစ္စရေးကလည်း “သင်တို့သည် သင်တို့၌ညီနောက်တစ်ယောက်ရှိသေးကြောင်း ထိုသူအားပြောပြီး အဘယ်ကြောင့် ငါ့ကိုဒုက္ခရောက်စေသနည်း”ဟု ဆို၏။
အစ္စရေးလူမျိုးတို့ကို ဖာရောမင်းကြီးလွှတ်ပေးသောအခါ ဘုရားသခင်က “ဤလူမျိုးသည် စစ်မှုနှင့်တွေ့လျှင် စိတ်ပြောင်းသွား၍ အီဂျစ်ပြည်သို့ ပြန်သွားလိမ့်မည်”ဟု ဆိုပြီး ဖိလိတ္တိပြည်ဘက်သွားသောလမ်းသည် နီးသော်လည်း သူတို့အား ထိုလမ်းဖြင့်ပို့ဆောင်တော်မမူပေ။
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။
“သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။
မောရှေသည် ထာဝရဘုရားထံသို့ပြန်လာ၍ “အို ဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ဒုက္ခရောက်စေတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
နောက်တစ်နေ့တွင် အစ္စရေးအမျိုးသားလူထုအပေါင်းတို့က မောရှေနှင့်အာရုန်အား “သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီ”ဟု အပြစ်တင်ပြောဆိုကြ၏။