တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
ထွက်မြောက် 13:18 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။ Common Language Bible သို့ဖြစ်၍သူတို့အားတောကန္တာရခရီး ဖြင့် ဧဒုံပင်လယ်ဘက်သို့လှည့်ပတ်လျက် သွားစေတော်မူ၏။ ဣသရေလအမျိုးသား တို့တွင်စစ်ပွဲဝင်ရန်လက်နက်အပြည့်အစုံ ပါရှိကြ၏။ Garrad Bible နီး သော ဖိ လိ တ္တိ လမ်း ဖြင့် မ ဆောင် ဘဲ ပင် လယ် နီ ကမ်း၊ သဲ တော လမ်း ဖြင့် လှည့် ၍ ဆောင် တော် မူ ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည် ခင်း ကျင်း သော တပ် စဉ် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သွား ကြ ၏။ Judson Bible ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ |
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
“အစ္စရေးအမျိုးသားတို့သည်ပြန်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်အကြားရှိ ပိဟဟိရုတ်မြို့အရှေ့၊ ဗာလဇေဖုန်မြို့အရှေ့၌ စခန်းချရမည်။ ဗာလဇေဖုန်မြို့နှင့်မျက်နှာချင်းဆိုင် ပင်လယ်အနီး၌ စခန်းချရမည်ဟု သူတို့အား ဆင့်ဆိုလော့။
ထိုသို့ အီဂျစ်လူမျိုးတို့သည် သူတို့နောက်သို့လိုက်ကြရာ ဖာရောမင်းကြီး၏မြင်းရထားအပေါင်းတို့နှင့်တကွ မြင်းစီးသူရဲများ၊ စစ်သည်များသည် ပိဟဟိရုတ်မြို့အနီး၊ ဗာလဇေဖုန်မြို့အရှေ့၊ ပင်လယ်အနီး၌စခန်းချနေသော အစ္စရေးလူမျိုးတို့ကိုမီလေ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။
သင်တို့၏မယားနှင့် ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် ဂျော်ဒန်မြစ်တစ်ဖက် မောရှေပေးခဲ့သောပြည်တွင် နေရစ်ရမည်။ ရဲစွမ်းသတ္တိရှိသူအပေါင်းတို့မူကား လက်နက်စွဲကိုင်လျက် သင်တို့၏အမျိုးသားချင်းတို့ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
မောရှေမှာကြားခဲ့သည့်အတိုင်း ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားနှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့သည် စစ်အခင်းအကျင်းနှင့်တကွ အစ္စရေးအမျိုးသားတို့၏ရှေ့မှ ကူးသွားကြ၏။
လူပေါင်းလေးသောင်းခန့် စစ်တိုက်ရန် စစ်လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်၌ ဂျေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။