အကယ်၍ မိသားစုနည်းသဖြင့် သိုးသငယ်တစ်ကောင်ကို စားမကုန်လျှင် သူသည် အနီးဆုံးအိမ်နီးချင်းနှင့်ပေါင်း၍ လူဦးရေအလိုက် မိမိတို့အသီးသီးစားနိုင်သည့်ပမာဏနှင့်အညီ သိုးသငယ်တစ်ကောင်ကို ချိန်ဆပြီးယူရမည်။
ထွက်မြောက် 12:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။ Common Language Bible သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။- Garrad Bible ဆို ခဲ့ သော အ ကောင် ကို သိုး များ အ နက် သော် လည်း ကောင်း၊ ဆိတ် များ အ နက် သော် လည်း ကောင်း ရွေး ယူ ၍ ကြန် အင် စုံ လျက် အ ခါ လည် သော အ ထီး ဖြစ် ရ မည်။ Judson Bible သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါလည်သော အထီးဖြစ်ရမည်။ |
အကယ်၍ မိသားစုနည်းသဖြင့် သိုးသငယ်တစ်ကောင်ကို စားမကုန်လျှင် သူသည် အနီးဆုံးအိမ်နီးချင်းနှင့်ပေါင်း၍ လူဦးရေအလိုက် မိမိတို့အသီးသီးစားနိုင်သည့်ပမာဏနှင့်အညီ သိုးသငယ်တစ်ကောင်ကို ချိန်ဆပြီးယူရမည်။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
နွား၊ သို့မဟုတ် သိုးတို့၏ကိုယ်ခန္ဓာ၌ ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာရှိလျှင် သင်၏ဘုရားသခင်ထာဝရဘုရားအား မပူဇော်ရ။ ထိုအမှုကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ