အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
ထွက်မြောက် 12:47 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူထုအပေါင်းတို့သည် ထိုပွဲကို ကျင်းပရမည်။ Common Language Bible ဣသရေလအမျိုးတစ်မျိုးလုံးသည်ထိုပွဲ တော်ကိုကျင်းပရမည်။- Garrad Bible ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် သည် ထို ပွဲ ကို ကျင်း ပ ကြ ရ မည်။ Judson Bible ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ထိုပွဲကိုခံရကြမည်။ |
အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။