သူတို့ရှေ့မှထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားများကဲ့သို့ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိသမျှတို့၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ မကောင်းသောအမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
တရားဟော 18:9 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်ဝင်ရောက်သောအခါ ထိုလူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များကို မလိုက်နာရ၊ မသင်ယူရ။ Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် သို့ ဝင် ရောက် ကြ ပြီး လျှင်၊ တိုင်း ရင်း သား မျိုး ခြား တို့ ရွံ ရှာ ဖွယ် ဓ လေ့ အ တိုင်း မ ပြု ကျင့်၊ မ လေ့ လာ နှင့်။ Judson Bible သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။ |
သူတို့ရှေ့မှထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားများကဲ့သို့ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိသမျှတို့၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ မကောင်းသောအမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့နှင့် အစ္စရေးဘုရင်တို့ပြုကျင့်သောဓလေ့စရိုက်များနောက်သို့ လိုက်ကြ၏။
သူသည် ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားများကိုပင် မီးရှို့ပူဇော်ခဲ့၏။
ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
ထာဝရဘုရားက “လူမျိုးခြားတို့၏နည်းလမ်းကို မသင်ယူကြနှင့်။ လူမျိုးခြားတို့သည် မိုးကောင်းကင်မှနိမိတ်လက္ခဏာတို့ကို ကြောက်လန့်တတ်ကြသကဲ့သို့ သင်တို့ မကြောက်လန့်ကြနှင့်။
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သို့မဟုတ်လျှင် ထိုလူမျိုးတို့သည် သူတို့၏ဘုရားများအတွက်ပြုသော စက်ဆုပ်ရွံရှာဖွယ်ရာရှိသမျှတို့ကို သင်တို့ကိုသင်ကြားပေး၍ သင်တို့ပြုသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားကြလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။