La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တ​ရား​ဟော 17:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သေဒဏ်​ခံရ​မည့်​သူ​သည် သက်သေ​ထွက်ဆိုသူ​နှစ်​ဦး​သုံး​ဦး​ရှိ​လျှင် သေဒဏ်​ခံရ​မည်​။ သက်သေ​ထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သေဒဏ်​မ​ခံရ​။

Ver Capítulo

Common Language Bible

သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-

Ver Capítulo

Garrad Bible

သေ ဒဏ် ခံ ထိုက် သူ သည် သက် သေ ခံ တစ် ဦး တည်း ထွက် ဆို က၊ သေ ဒဏ် လွတ် စေ။ နှစ် ဦး သုံး ဦး ထွက် ဆို သော် သေ ဒဏ် ခံ စေ။

Ver Capítulo

Judson Bible

သက်​သေ​ခံ​နှစ်​ယောက် သုံး​ယောက်​ရှိ​လျှင် သေ​ထိုက်​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သက်​သေ​ခံ​တစ်​ယောက်​တည်း​ရှိ​လျှင် အ​သေ​မ​ခံ​ရ။

Ver Capítulo



တ​ရား​ဟော 17:6
8 Referencias Cruzadas  

လူ​ကို​သတ်​သော လူသတ်သမား​တိုင်း သက်သေ​၏​ထွက်ဆိုချက်​အတိုင်း အသတ်​ခံရ​မည်​။ သို့ရာတွင် ထို​သူ​သည် သက်သေ​တစ်ဦးတည်း​၏​ထွက်ဆိုချက်​ဖြင့် သေဒဏ်​မ​ခံရ​။


နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန်အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။


“ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင်


ယခု တတိယ​အကြိမ် သင်​တို့​ထံသို့ ငါ​လာ​ခဲ့​မည်။ သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​သည် အတည်ပြု​ခြင်း​ခံရ​လိမ့်မည်။


တစ်စုံတစ်ယောက် ပြု​မိ​သော​ဒုစရိုက်​၊ ကျူးလွန်​မိ​သော​အပြစ် တစ်ခုခု​အတွက် သက်သေထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သူ​၏​စကား အတည်​မ​ဖြစ်​ရ​။ မည်သည့်​ပြစ်မှု​မဆို သက်သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်ဆို​သော​စကား​အားဖြင့်​သာ အတည်​ဖြစ်​ရ​မည်​။


သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​မ​ရှိ​လျှင် အသင်းတော်​အကြီးအကဲ​အပေါ်​စွပ်စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။


မောရှေ​၏​ပညတ်​တရား​ကို​ငြင်းပယ်​သော​သူ​သည် သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​သက်သေခံ​ချက်​အားဖြင့် သက်ညှာ​ခြင်း​မ​ရှိ​ဘဲ သေဒဏ်​ခံရ​၏။