“စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။
တောလည် 36:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း အစ္စရေးအမျိုးသားတို့အား “ယောသပ်သားမြေးအမျိုးအနွယ်လျှောက်ဆိုသောအရာသည် မှန်ပေ၏။ Common Language Bible ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊- Garrad Bible ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ က၊ ယော သပ် အ နွယ် သား တို့ တောင်း လျှောက် သည် မှာ သင့် လျော် ၏။ Judson Bible ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏စကားသည် လျောက်ပတ်ပေ၏။ |
“စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။
အစ္စရေးအမျိုးသားတို့၏ရွှေရတုနှစ်ရောက်သောအခါ သူတို့၏အမွေသည် သူတို့နှင့်စုံဖက်သောအမျိုးအနွယ်၏အမွေထဲသို့ ထည့်ပေါင်းခြင်းဖြင့် သူတို့၏အမွေကို အကျွန်ုပ်တို့ဘိုးဘေးတို့အမျိုးအနွယ်၏အမွေထဲမှ နုတ်ယူကြပါလိမ့်မည်”ဟု လျှောက်ကြ၏။
ဇလောဖဒ်သမီးတို့အတွက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား ဤသို့ဖြစ်၏။ သူတို့သည် မိမိနှစ်သက်သောသူနှင့်စုံဖက်ခွင့်ရှိ၏။ သို့သော် သူတို့စုံဖက်သောသူသည် သူတို့ဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှသာ ဖြစ်ရမည်။
ငါ့အား သင်တို့လျှောက်ဆိုသောစကားသံကို ထာဝရဘုရားကြားတော်မူ၏။ ထိုအခါ ထာဝရဘုရားက ‘သင့်အား ဤလူတို့လျှောက်ဆိုသောစကားသံကို ငါကြား၏။ သူတို့လျှောက်ဆိုသောအရာအားလုံး လျောက်ပတ်ပေ၏။