ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။
တောလည် 23:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။ Common Language Bible သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။ Garrad Bible ပိ သ ဂါ တောင် တန်း ဦး၊ ဇော ဖိမ် ကွင်း ပြင် သို့ ပို့ ဆောင်၍ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို တည် ပြီး လျှင် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် လေ ၏။ Judson Bible ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီးမှ၊ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။ |
ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။
ဗာမုတ်အရပ်မှ ကန္တာရမြေကိုစီးမြင်ရသောပိသဂါတောင်ထိပ်အနီးရှိ မောဘချိုင့်ဝှမ်းလွင်ပြင်သို့လည်းကောင်း ခရီးပြုကြ၏။
ဗာလက်မင်းကြီးကလည်း ဗာလမ်အား “အစ္စရေးလူမျိုးအားလုံးကိုမမြင်ရသော်လည်း သူတို့၏တပ်စခန်းအစွန်အဖျားကိုသာမြင်နိုင်သည့် အခြားတစ်နေရာသို့ ငါနှင့်အတူလိုက်ခဲ့ပါလော့။ ငါ့အတွက် သူတို့ကို ထိုနေရာမှ ကျိန်ဆဲပါလော့”ဟု ဆိုလေ၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၊ ဤနေရာ၌ သင်ရပ်နေလော့။ ငါသည် ထိုနေရာသို့သွား၍ ထာဝရဘုရားနှင့်တွေ့ဆုံမည်”ဟု ဆို၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ဤနေရာ၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
သင်သည် ဤဂျော်ဒန်မြစ်ကိုကူးသွားရမည်မဟုတ်သောကြောင့် ပိသဂါတောင်ထိပ်သို့ တက်သွားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ မျှော်ကြည့်၍ ထိုပြည်ကိုကြည့်လော့။
ထို့နောက် မောရှေသည် မောဘလွင်ပြင်မှ ဂျေရိခေါမြို့နှင့်မျက်နှာချင်းဆိုင်၊ နေဗောတောင်ဟုခေါ်သော ပိသဂါတောင်ထိပ်ပေါ်သို့ တက်သွားလေ၏။ ထာဝရဘုရားသည် သူ့အား ဂိလဒ်ပြည်မှ ဒန်မြို့တိုင်အောင်လည်းကောင်း၊
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။