အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
တောလည် 2:18 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ Common Language Bible အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။- Garrad Bible အ နောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဧ ဖ ရိမ့် တပ် ပိုင်း၊ ဧ ဖ ရိမ့် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ငါး ရာ တပ် ပေါ် တွင် အ မိ ဟုဒ် သား ဧ လိ ရှ မာ ဗိုလ် လုပ် ရ မည်။ Judson Bible အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ |
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
ယောသပ်၏သားတို့တွင် ဧဖရိမ်အမျိုးမှ အမိဟုဒ်၏သား ဧလိရှမာ၊ မနာရှေအမျိုးမှ ပေဒါဇုရ၏သား ဂါမလျေလ၊
ယောသပ်၏သားမြေးဖြစ်သော ဧဖရိမ်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
ထို့နောက် ဧဖရိမ်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိဟုဒ်၏သား ဧလိရှမာ ဦးစီး၏။
သတ္တမနေ့၌ ဧဖရိမ်သားမြေးတို့၏ခေါင်းဆောင်၊ အမိဟုဒ်၏သားဧလိရှမာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိဟုဒ်၏သား ဧလိရှမာ၏ပူဇော်သက္ကာများ ဖြစ်၏။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။