La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တော​လည် 17:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​တောင်ဝှေး​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အထဲ​ရှိ​သက်သေခံချက်​ရှေ့​၊ သင်​တို့​နှင့်​ငါ​တွေ့ဆုံ​ရာ​နေရာ​၌ ထား​ရ​မည်​။

Ver Capítulo

Common Language Bible

တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။-

Ver Capítulo

Garrad Bible

သင် တို့ နှင့် ငါ တွေ့ ဆုံ လေ့ ရှိ သော ဌာ န၊ တွေ့ ဆုံ ရာ တဲ တော်၌ သက် သေ တော် ရှေ့ မှာ ထား လော့။

Ver Capítulo

Judson Bible

ထို​လှံ​တံ​တို့​ကို ငါ​ဗျာ​ဒိတ်​ပေး​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ သက်​သေ​ခံ​ချက်​ရှေ့​မှာ တင်​ထား​လော့။

Ver Capítulo



တော​လည် 17:4
7 Referencias Cruzadas  

အချို့​ကို​အမှုန့်​ထောင်း​၍ သင်​နှင့်​ငါ​တွေ့ဆုံ​မည့်​နေရာ​ဖြစ်​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အထဲ​ရှိ သက်သေခံချက်​ရှေ့​၌​ထား​ရ​မည်​။ ထို​နံ့သာပေါင်း​သည် သင်​တို့​အဖို့ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။


ထို​ယဇ်ပလ္လင်​ကို သင်​နှင့်​ငါ​တွေ့ဆုံ​မည့်​နေရာ​၊ သက်သေခံချက်​ပေါ်​ရှိ​ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ သက်သေခံချက်​သေတ္တာ​တော်​ကို​ကာ​သော​ကန့်လန့်ကာ​ရှေ့​၌ ထား​ရ​မည်​။


ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​တောင်ဝှေး​ကို သူ​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ် သက်သေခံချက်​ရှေ့​၌ ပြန်ထား​လော့​။ သို့ပြုလျှင် ပုန်ကန်သူ​တို့​မြည်တွန်တောက်တီး​သော​အသံ​ရပ်စဲ​၍ သူ​တို့​သည် သေဘေး​နှင့်​ကင်းလွတ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အာရုန်​၏​အမည်​ကို လေဝိ​အမျိုး​၏​တောင်ဝှေး​ပေါ်၌ ရေး​ရ​မည်​။ ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အကြီးအမှူး​တစ်​ဦး​လျှင် တောင်ဝှေး​တစ်ချောင်းစီ​ရှိ​ရ​မည်​။


မောရှေ​သည် ထို​တောင်ဝှေး​တို့​ကို သက်သေခံချက်​တဲ​တော်​အတွင်း ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။