အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
တောလည် 13:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့အား ငါပေးမည့် ခါနာန်ပြည်ကိုစူးစမ်းရန် ဘိုးဘေးတို့၏အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကို စေလွှတ်လော့”ဟု မိန့်တော်မူ၏။ Common Language Bible ``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သ နား သော ခါ နာန် ပြည် ကို စူး စမ်း စေ ခြင်း ငှါ တစ် နွယ် လျှင် တစ် ယောက် ကျ ကိုယ့် အ နွယ် ပေါ် တွင် အ ကြီး အ ကဲ ဖြစ် သူ တို့ ကို စေ လွှတ် လော့ ဟူ ၍၊ Judson Bible ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊ |
အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
အမျိုးအနွယ်အသီးသီးထဲမှ တစ်မျိုးတစ်ယောက်စီ သင်တို့နှင့်အတူရှိရမည်။ သူတို့တစ်ဦးစီသည် မိမိဘိုးဘေးတို့၏အိမ်ထောင်စု၌ အကြီးအမှူးဖြစ်ရမည်။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။
အမွေမြေကို ခွဲဝေပေးဖို့ အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကိုလည်း သင်တို့ ခေါ်ရမည်။
ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
သို့ဖြစ်၍ ယခု အစ္စရေးမျိုးနွယ်များထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ယူလော့။