သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
တောလည် 11:9 - မြန်မာ့စံမီသမ္မာကျမ်း ညအချိန် တပ်စခန်းတွင် နှင်းကျသောအခါ နှင်းနှင့်အတူ မန္နမုန့်ကျ၏။ Garrad Bible ညဉ့် အ ခါ တပ် စ ခန်း တွင် ကျ သော နှင်း နှင့် တ ကွ မ န္န မုန့် ကျ သ တည်း။ Judson Bible စခန်းချရာအရပ်၌ ညအခါနှင်းနှင့်အတူ မန္နကျတတ်၏။ |
သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
လူတို့သည် အသီးသီးမိမိတို့မျိုးနွယ်စုအလိုက် မိမိတို့တဲအဝင်ဝ၌ ငိုကြွေးနေကြသည်ကို မောရှေကြား၏။ ထာဝရဘုရားသည် အလွန်အမျက်ထွက်၏။ မောရှေသည်လည်း ဆိုးရွားသောအမှုဖြစ်သည်ဟု မြင်လေ၏။
လူတို့သည် မန္နမုန့်ကို လှည့်လည်ကောက်ယူကြပြီး ကြိတ်ဆုံနှင့် ကြိတ်ကြ၏၊ သို့မဟုတ် ဆုံနှင့် ထောင်းကြ၏။ ပြီးမှ အိုးထဲ ထည့်ပြုတ်ပြီး မုန့်ပြားလုပ်ကြ၏။ အရသာသည် ဆီကြော်မုန့်အရသာနှင့်တူ၏။
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။