တိတု 3:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနှင့် ပညတ်တရားကြောင့် ခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုအရာတို့သည် အကျိုးမဲ့၍ အချည်းနှီးဖြစ်ကြ၏။ Common Language Bible သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။- Garrad Bible မိုက် မဲ သော စော ဒ နာ ချက် များ၊ ဆွေ စဉ် စာ ရင်း များ၊ ခိုက် ရန် ဖြစ် ခြင်း များ၊ ပ ညတ် တ ရား အ ကြောင်း ငြင်း ခုန် ခြင်း များ ကို ကား အ ကျိုး မဲ့ အ သုံး မဲ့ ဖြစ် သော ကြောင့် ကြဉ် ရှောင် လော့။ Judson Bible မိုက်မဲသော ပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကိုလည်းကောင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကိုလည်းကောင်း ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုက်မဲသောငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်ပေးခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ စကားများခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အကျိုးမရှိ။ အသုံးလည်းမဝင်သောကြောင့် ဖြစ်၏။ |
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။
သို့သော် ဘုရားတရားနှင့်မဆိုင်သည့် အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများကိုရှောင်ရှား၍ ဘုရားဝတ်၌မွေ့လျော်ခြင်းအတွက် သင့်ကိုယ်သင်လေ့ကျင့်ပေးလော့။
ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။