တိတု 3:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ Common Language Bible သို့ရာတွင်ငါတို့ကယ်တင်ရှင်ဘုရားသခင် ၏ကရုဏာတော်နှင့်မေတ္တာတော်ပေါ်လွင်ထင် ရှားလာသောအခါ၊- Garrad Bible ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် မေ တ္တာ တော် ထင် ရှား သည့် ကာ လ၊ Judson Bible ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှားလာသောအခါ |
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
ထိုသို့ပြုခြင်းသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။
ထိုကျေးဇူးတော်သည် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ပေါ်ထွန်းတော်မူခြင်းအားဖြင့် ယခုထင်ရှားလေပြီ။ ခရစ်တော်သည် သေခြင်းကိုပယ်ဖျက်၍ အသက်နှင့်တကွ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကို ကောင်းမြတ်သောသတင်းအားဖြင့် အလင်းသို့ယူဆောင်လာ၏။
အချိန်တန်သောအခါ ဟောပြောခြင်းအမှုအားဖြင့် မိမိ၏နှုတ်ကပတ်တရားကို ထင်ရှားစေတော်မူ၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်၏အမိန့်တော်အတိုင်း ထိုအမှုကို ငါ့အားယုံကြည်အပ်နှံတော်မူ၏။
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။