မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
တမန်တော်ဝတ္ထု 9:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။ Common Language Bible ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။ Garrad Bible ကဲ သ ရိ မြို့ ရောက် ရှော လု ကို ခေါ် သွား ပြီး လျှင် တာ ရှု မြို့ သို့ လွှတ် လိုက် ကြ၏။ Judson Bible ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ယုံကြည်သူတို့ ကြားသိသောအခါ သူ့အား ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်လာပြီး တာရှုမြို့သို့ လွှတ်လိုက်ကြ၏။ |
မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပိနယ်မြေဒေသများသို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“လူတို့သည် လူ့သားကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း”ဟူ၍ မေးတော်မူ၏။
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
ညီအစ်ကိုတို့သည် ပေါလုနှင့်သိလတို့ကို ညတွင်းချင်းပင် ဗေရိမြို့သို့ စေလွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းသို့ သွားကြ၏။
ပေါလုကိုလိုက်ပို့သောသူတို့သည် သူ့ကို အေသင်မြို့တိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့်တိမောသေတို့အား မိမိထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာကြပါဟူသော ပေါလု၏ညွှန်ကြားချက်ကိုယူ၍ ပြန်သွားကြ၏။
ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍