ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
တမန်တော်ဝတ္ထု 6:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုများကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။ Common Language Bible ဤနည်းအားဖြင့်သူတို့သည်လူများ၊ ဘာသာ ရေးခေါင်းဆောင်များနှင့်ကျမ်းတတ်ဆရာများ အားနှိုးဆွပေးကြ၏။ သူတို့သည်သူ့ကို ဖမ်းဆီး၍တရားလွှတ်တော်သို့ပို့ကြ၏။- Garrad Bible ပြည် သူ ပြည် သား လူ ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ ကို ထ ကြွ စေ ပြီး လျှင်၊ သ တေ ဖန် ကို လာ ရောက် ဖမ်း ဆီး လျက် လွှတ် တော် သို့ ခေါ် သွင်း ကြ ၏။ Judson Bible လူများကိုလည်းကောင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုလည်းကောင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် လူများကိုလည်းကောင်း၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများကိုလည်းကောင်း သွေးထိုးကြပြီးနောက် သတေဖန်အား ဖမ်းဆီး၍ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။ |
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများသည် ရောက်လာ၍
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
ခုနစ်ရက်ကာလပြည့်လုနီးသောအခါ အာရှပြည်မှလာသောဂျူးလူမျိုးအချို့တို့သည် ပေါလုကို ဗိမာန်တော်၌တွေ့ကြလျှင် လူထုပရိသတ်အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေ၍ သူ့ကိုဖမ်းဆီးကာ
သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက
ထိုအခါ သူတို့သည် လူတို့ကိုသွေးထိုးပေး၍ “ဤသူသည် မောရှေနှင့်ဘုရားသခင်အား စော်ကားသည့်စကားများပြောဆိုနေသည်ကို ငါတို့ကြားရသည်”ဟု ဆိုစေကြ၏။