La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 26:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။

Ver Capítulo

Common Language Bible

အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။

Ver Capítulo

Garrad Bible

ဖေ တ္ထု မင်း အား ကဲ သာ မင်း ထံ အ ယူ တော် ခံ မည် မ ဟုတ် ခဲ့ လျှင် လွှတ် သင့် ပြီ ဟု အ ဂ ရိ ပ္ပ မင်း ဆို လေ၏။

Ver Capítulo

Judson Bible

အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ဤ​သူ​သည် ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​မ​ဆို​မိ​လျှင် လွှတ်​သင့်​သည်​ဟု ဖေ​တ္တု​မင်း​အား​ဆို၏။

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဂြိပ္ပမင်းကြီး​ကလည်း ဖေတ္တုမင်း​အား “ဤ​သူ​သည်​ဆီဇာဘုရင်​ထံ အယူခံဝင်ခြင်း​မပြုခဲ့​ပါလျှင် လွှတ်ပေးနိုင်သည်” ဟု ဆိုလေ၏။

Ver Capítulo



တမန်တော်ဝတ္ထု 26:32
6 Referencias Cruzadas  

နှစ်​နှစ်​ကြာ​ပြီးနောက် ပေါကိ​ဖေတ္တု​မင်း​သည် ဖေလဇ်​မင်း​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏။ ဖေလဇ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား ကျေးဇူးပြု​လို​၍ ပေါလု​ကို​အကျဉ်းချ​ထားရစ်​ခဲ့​လေ​၏။


သို့ရာတွင် သူ​သည် သေဒဏ်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ကြောင်း အကျွန်ုပ်​သတိထား​မိ​ပါ​သည်။ သို့သော် သူ​ကိုယ်တိုင် ဧကရာဇ်​မင်း​ထံ အယူခံဝင်​မည်​ဟု​ဆို​သဖြင့် သူ့​ကို​ပို့ပေး​ရန် အကျွန်ုပ်​ဆုံးဖြတ်​ထား​ပါ​သည်။


ရောမ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို​စစ်ဆေး​ကြ​ရာ အကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်မှု​မ​တွေ့​သောကြောင့် အကျွန်ုပ်​ကို​ပြန်လွှတ်​လို​ကြ​သည်။


သို့ရာတွင် ဂျူး​လူမျိုး​တို့​က ကန့်ကွက်​ကြ​သဖြင့် အကျွန်ုပ်​သည် မလွဲသာ​၍ ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ရ​သည်။ အကျွန်ုပ်​၏​လူမျိုး​ကို​စွပ်စွဲ​ရန် အကြောင်း​တစ်စုံတစ်ရာ​ရှိ​၍​မ​ဟုတ်​ပါ။


သို့သော် သခင်​ဘုရား​က“သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။