“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
တမန်တော်ဝတ္ထု 2:30 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။ Common Language Bible သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။- Garrad Bible သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊ Judson Bible ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။ |
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားနှင့် သူတို့အတွက် ငါပေါ်ထွန်းစေမည့် သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကိုအစေခံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဒါဝိဒ်သည် သူ့ကို ဝိညာဉ်တော်အားဖြင့် ‘သခင်’ဟု ခေါ်လျက်
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။
ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
“ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။
ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
ငါဟောပြောသည့် ကောင်းမြတ်သောသတင်းအရ ဒါဝိဒ်၏အမျိုးအနွယ်မှပေါ်ထွန်းလျက် သေသောသူတို့ထဲမှ ထမြောက်တော်မူသော ယေရှုခရစ်တော်ကို သတိရလော့။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်မပြောင်းလဲနိုင်ကြောင်း ကတိတော်ကိုအမွေဆက်ခံသူများအား ပိုမိုထင်ရှားစွာပြလို၍ ကတိသစ္စာပြုခြင်းဖြင့် အာမခံတော်မူ၏။
ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။