ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်လာ၏။ အလုံးစုံကိုလည်း ကြည်လင်စွာမြင်ရလေ၏။
တမန်တော်ဝတ္ထု 11:6 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်များကို မြင်ရ၏။ Common Language Bible ထိုအရာသည်ငါ့အနီးသို့ရောက်ရှိလာ၏။ သေချာစွာကြည့်ရှုလိုက်သောအခါခြေလေး ချောင်းသတ္တဝါများ၊ သားရဲများ၊ တွားတတ် သောသတ္တဝါများနှင့်ကောင်းကင်ငှက်များ ကိုမြင်ရ၏။- Garrad Bible စိုက် ကြည့် ဆင် ခြင် သော် သား ရဲ မှ စ သော ခြေ လေး ချောင်း ရှိ မြေ သ တ္တ ဝါ၊ တွား တတ် သော သ တ္တ ဝါ နှင့် လေ သ တ္တ ဝါ များ ကို မြင်၏။ Judson Bible ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သေချာစွာကြည့်သောအခါ ခြေလေးချောင်းသတ္တဝါများ၊ အသားစားသတ္တဝါများ၊ တွားသွားသတ္တဝါများနှင့် ငှက်များပါရှိသည်ကို တွေ့ရ၏။ |
ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်လာ၏။ အလုံးစုံကိုလည်း ကြည်လင်စွာမြင်ရလေ၏။
ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။
ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။
“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။