ငွေကြိုးသည် ဖြတ်တောက်ခြင်းခံရလျက်၊ ရွှေဖလားသည် ချိုးဖျက်ခြင်းခံရလျက်၊ ရေအိုးသည်စမ်းရေတွင်းနား၌ ခွဲဖျက်ခြင်းခံရလျက်၊ စက်သီးသည် ရေတွင်းနား၌ ချိုးဖျက်ခြင်းခံရလျက်
ဇာခရိ 4:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဆီမီးခုံအနီး ဖလား၏ယာဘက်တွင်တစ်ပင်၊ ဝဲဘက်တွင်တစ်ပင် သံလွင်ပင်နှစ်ပင်ကို မြင်ရပါ၏”ဟု ပြန်ဖြေ၏။ Common Language Bible မီးတင်ခုံ၏နံဘေးတစ်ဖက်တစ်ချက်တွင် သံလွင်ပင်တစ်ပင်စီရှိပါသည်'' ဟုဖြေ ကြားလိုက်လေသည်။- Garrad Bible ဆီ အိုး ဝဲ ယာ ၌ သံ လွင် ပင် တစ် ပင် စီ ကို လည်း ကောင်း၊ မြင် ရ ပါ သည် ဟု ပြန် လျှောက် ၏။ Judson Bible ဆီအိုးလက်ယာဘက်၌ သံလွင်ပင်တစ်ပင်၊ လက်ဝဲဘက်၌ တစ်ပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊ |
ငွေကြိုးသည် ဖြတ်တောက်ခြင်းခံရလျက်၊ ရွှေဖလားသည် ချိုးဖျက်ခြင်းခံရလျက်၊ ရေအိုးသည်စမ်းရေတွင်းနား၌ ခွဲဖျက်ခြင်းခံရလျက်၊ စက်သီးသည် ရေတွင်းနား၌ ချိုးဖျက်ခြင်းခံရလျက်
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။
သို့သော် သံလွင်ပင်က ‘ဘုရားနှင့် လူတို့ကို ဂုဏ်ပြုချီးမွမ်းရာတွင် သုံးကြသော ငါ့အဆီကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ပြန်ပြော၏။