သူတို့ကလည်း “သူသည် အမွေးထူ၍ ခါး၌ သားရေခါးပတ်ကို ပတ်ထားပါ၏”ဟု ပြန်လျှောက်ကြလျှင် ရှင်ဘုရင်က “သူသည် တိရှဘိမြို့သား ဧလိယ ဖြစ်၏”ဟု မိန့်ဆို၏။
ဇာခရိ 13:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် ပရောဖက်တို့သည် ပရောဖက်ပြုဟောပြောသောအခါ မြင်ရသောစိတ်အာရုံကြောင့် အရှက်ရလိမ့်မည်။ လူတို့ကို လှည့်စားရန် သားမွေးဝတ်လုံကို ဝတ်ခွင့်ရှိတော့မည်မဟုတ်။ Common Language Bible ထိုအချိန်ကျရောက်လာသောအခါအဘယ် ပရောဖက်မျှ မိမိတွေ့မြင်ရသည့်ဗျာဒိတ် ရူပါရုံအတွက်ဂုဏ်ယူဝါကြွားလိမ့်မည် မဟုတ်။ အဘယ်သူမျှပရောဖက်၏အပြု အမူမျိုးကိုပြုလိမ့်မည်မဟုတ်။ လှည့်ဖျား ရန်အလိုငှာပရောဖက်၏အဝတ်မျိုးကို လည်းဝတ်လိမ့်မည်မဟုတ်။- Garrad Bible ထို့ နေ့ ရက် ကာ လ၌၊ ပ ရော ဖက် တို့ သည်၊ ပ ရော ဖက် ပြု စဉ် ပင်၊ ခံ ရ သော ရူ ပါ ရုံ ကြောင့် ရှက် ကြောက် လျက်၊ သား မွေး သင်္ကန်း မ ဝတ် ဘဲ ဟန် ဆောင်၍၊ Judson Bible ထိုကာလ၌ ပရောဖက်သည်ဟောပြောသောအခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။ |
သူတို့ကလည်း “သူသည် အမွေးထူ၍ ခါး၌ သားရေခါးပတ်ကို ပတ်ထားပါ၏”ဟု ပြန်လျှောက်ကြလျှင် ရှင်ဘုရင်က “သူသည် တိရှဘိမြို့သား ဧလိယ ဖြစ်၏”ဟု မိန့်ဆို၏။
ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။
အစ္စရေးလူမျိုး၏ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် ဖမ်းမိသောသူခိုးအရှက်ကွဲသကဲ့သို့ အရှက်ကွဲရလိမ့်မည်။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းကာ ကျိုင်းကောင်နှင့်တောပျားရည်တို့ကိုစားလျက်နေ၏။
သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံရကြ၍ ဆင်းရဲနွမ်းပါးလျက်၊ နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက်၊ သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။