La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဆာ​လံ 69:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။

Ver Capítulo

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

Ver Capítulo

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် မွန် မြတ် သော ကြောင့်၊ တုံ့ ပြန် တော် မူ ပါ။ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ နား လှည့် တော် မူ ပါ။

Ver Capítulo

Judson Bible

အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​တော်​သည် ကောင်း​မွန်​သော​ကြောင့်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း​က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြ​တော်​မူ​ပါ။

Ver Capítulo



ဆာ​လံ 69:16
12 Referencias Cruzadas  

ထိုအခါ သူ​တို့​အတွက် မိမိ​၏​ပဋိညာဉ်​တော်​ကို သတိရ​လျက် မိမိ​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​နှင့်အညီ စိတ်​တော်​ပြောင်းလဲ​၍


သို့သော် အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​ကျေးဇူး​ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းမြတ်​သည်​ဖြစ်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။


မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။


အကျွန်ုပ်​သည် တစ်ကိုယ်တည်း​ဖြစ်​လျက် အဖိနှိပ်​ခံရ​သောကြောင့် အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


အကျွန်ုပ်​မူကား တည်ကြည်​စွာ​လျှောက်လှမ်း​ပါ​၏​။ အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။


ငါ​တို့​အတွက် ထာဝရဘုရား ပြု​တော်မူ​ခဲ့​သော​အရာ​အလုံးစုံ​နှင့်အညီ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​၊ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​တို့​ကို ငါ​ဖော်ပြ​မည်​။ ကိုယ်တော်​၏​ကြွယ်ဝ​သော​မေတ္တာ​ကရုဏာ​တော်​နှင့်အညီ အစ္စရေး​အမျိုးသား​တို့​အတွက် ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို ငါ​ဖော်ပြ​မည်​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။