ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
ဆာလံ 5:3 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။ Common Language Bible ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။ Judson Bible အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော်ကို မျက်မှောက်ပြု၍ မျှော်လင့်ပါမည်။ |
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
အကျွန်ုပ်သည် မိုးမလင်းမီထ၍ အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် အကယ်စင်စစ် ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် ငါ၏စိတ်ဝိညာဉ်သည် ဘုရားရှင်ကို စောင့်မျှော်၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့အား ရန်ဖက်ပြုသောသူတို့ကို ကိုယ်တော်အားဖြင့် တွန်းလှန်ကြပါ၏။ အကျွန်ုပ်တို့တစ်ဖက်၌ထကြွသောသူတို့ကို ကိုယ်တော်၏နာမတော်အားဖြင့် နင်းချေကြပါ၏။
နေဝင်ချိန်၊ နံနက်ချိန်၊ မွန်းတည့်ချိန်တွင် ငါသည် ညည်းတွားပြောဆိုလျက် အော်ဟစ်မြည်တမ်းသောအခါ ကိုယ်တော်သည် ငါ၏အသံကိုကြားတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာသည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ဘက်သို့လှည့်တော်မူပါ။
သို့သော် ဘုရားသခင်သည် ရှေးကာလမှစ၍ အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအလယ်၌ ကယ်တင်ခြင်းအမှုကိုပြုတော်မူ၏။
ကိုယ်တော်၏အိမ်တော်၌ နေထိုင်သောသူတို့သည် မင်္ဂလာရှိကြပါ၏။ သူတို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြပါလိမ့်မည်။(စေလာ)
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။