ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့အား စားစရာကိုပေး၍ မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
ဆာလံ 33:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌ သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။ Common Language Bible ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။ အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။ Garrad Bible အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။ Judson Bible သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။ |
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့အား စားစရာကိုပေး၍ မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
သူတို့သည် ဆိုးရွားသောကာလ၌ အရှက်ကွဲကြရလိမ့်မည်မဟုတ်။ အစာခေါင်းပါးသောနေ့၌လည်း ဝလင်ရကြလိမ့်မည်။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
ထိုအခါ ပေတရုသည် သတိပြန်ဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်ပြီး ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့မျှော်မှန်းထားသောအရာအားလုံးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူသည်ကို ယခု ငါအမှန်သိပြီ”ဟု ဆို၏။