La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဆာ​လံ 139:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​သူ​တို့​သည် ကောက်ကျစ်​သော​သဘော​ဖြင့် ကိုယ်တော်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ ကိုယ်တော်​၏​ရန်သူ​တို့​သည် နာမ​တော်​ကို​အလွဲသုံးစား​ပြု​ကြ​ပါ​၏​။

Ver Capítulo

Common Language Bible

သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။

Ver Capítulo

Garrad Bible

ရန် သူ တော် ဖြစ် သော ထို သူ တို့ သည်၊ ကိုယ် တော် ကို တော် လှန် ပုတ် ခတ် လျက် ရှိ နေ ကြ ပါ ၏။

Ver Capítulo

Judson Bible

ထို​သူ​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ မ​နာ​လို​သော​စိတ်​နှင့် ပြော​ဆို၍၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ဝါ​ကြွား​ကြ​ပါ၏။

Ver Capítulo



ဆာ​လံ 139:20
10 Referencias Cruzadas  

အို ထာဝရဘုရား​၊ ရန်သူ​သည် ကိုယ်တော့်​ကို​ကဲ့ရဲ့ပြစ်တင်​သည်​ကို​လည်းကောင်း​၊ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို မထီလေးစား​ပြု​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။


ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။


ထိုအခါ သူ​သည် မိမိ​နှုတ်​ကို​ဖွင့်​၍ ဘုရားသခင်​ကို​စော်ကား​သော​စကား​များ​ပြောဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​တဲ​တော်​ကို​လည်းကောင်း၊ ကောင်းကင်​၌​စံမြန်း​သော​သူ​တို့​ကို​လည်းကောင်း စော်ကား​ပြောဆို​လေ​၏။