ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
ဆာလံ 113:3 - မြန်မာ့စံမီသမ္မာကျမ်း နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ Common Language Bible နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။ Garrad Bible နေ ထွက် ရာ မှ နေ ဝင် ရာ တိုင် အောင်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် သည် ချီး မွမ်း ဖွယ် ဖြစ် ၏။ Judson Bible နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ |
ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ကိုယ်တော်၏နာမတော်နည်းတူ ကမ္ဘာမြေအစွန်းတိုင်အောင် ပျံ့နှံ့ပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းနှင့်ပြည့်ဝပါ၏။
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။