သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ဆာလံ 104:30 - မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။ Garrad Bible ဝိ ညာဉ် တော် ကို လွှတ် သော်၊ ဖန် ဆင်း ခြင်း ခံ ရ ၍၊ မြေ မျက် နှာ ပြင် သည်၊ အ သစ် ဖြစ် ရ ပြန် ပါ ၏။ Judson Bible တစ်ဖန်ဝိညာဉ်တော်ကိုလွှတ်၍၊ သူတို့ကိုဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။ |
သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။
ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်ကို ဖန်ဆင်းတော်မူ၏။ အနန္တတန်ခိုးရှင်၏ဇီဝအသက်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
ကောင်းကင်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ကောင်းကင်တန်ဆာရှိသမျှတို့သည် နှုတ်တော်မှထွက်သက်လေအားဖြင့်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
ထာဝရဘုရားက “ငါဖန်ဆင်းမည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှောက်၌ အစဉ်တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်၊ သင်တို့၏အမည်နာမသည် အစဉ်တည်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤအရိုးတို့အား ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့အသက်ရှင်လာလိမ့်မည်။
အရွတ်ပေါ်လာစေမည်။ အသားတက်လာစေမည်၊ အရေပြားဖြင့် ဖုံးအုပ်စေမည်။ သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့ကို အသက်ရှင်လာစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုအခါ ကိုယ်တော်က ငါ့အား “အချင်းလူသား၊ အသက်လေအား ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို အသက်လေ၊ သေသူတို့အသက်ရှင်လာအောင် အရပ်လေးမျက်နှာမှလာ၍ သူတို့အထဲသို့ အသက်လေကို မှုတ်သွင်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။
ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။