ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ကောလောသဲ 2:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။ Common Language Bible ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။- Judson Bible လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတားမြစ်ထားသော အရာများသည် ကျွန်ုပ်တို့အသုံးပြုသည်နှင့်အမျှ ပျက်စီးသွားမည့်အရာဝတ္ထုများသာ ဖြစ်ပြီး ထိုစည်းမျဉ်းများသည်လည်း လူ့ပညတ်နှင့် သွန်သင်ချက်များသာ ဖြစ်ကြ၏။ |
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
သူသည် သူ့ဘိုးဘေးတို့၏ဘုရားကိုဖြစ်စေ၊ မိန်းမတို့နှစ်သက်သည့်ဘုရားများကိုဖြစ်စေ မည်သည့်ဘုရားကိုမျှ အလေးမထား၊ ဘုရားတကာထက် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်လိမ့်မည်။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
သင်မြင်ရသောမိန်းမသည် ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကို အုပ်စိုးသောမြို့ကြီးဖြစ်၏”ဟု ငါ့အားဆို၏။