ကမ္ဘာဦး 8:4 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမလ၊ တစ်ဆယ့်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်တောင်ရိုးပေါ်မှာ တင်လေ၏။ Common Language Bible သင်္ဘောသည်သတ္တမလတစ်ဆယ့်ခုနစ်ရက် နေ့တွင် အာရရတ်တောင်တစ်ခုပေါ်တွင်တင် နေလေ၏။- Garrad Bible သ တ္တ မ လ၊ ဆယ့် ခု နစ် ရက် တွင် သင်္ဘော သည် အာ ရ ရတ် ပြည် ရှိ တောင် တန်း ပေါ် မှာ တင် လေ ၏။ Judson Bible သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသောတောင်ပေါ်မှာ တင်လေ၏။ |
ရေသည် ဒသမလတိုင်အောင် ဆက်တိုက်ယုတ်လျော့သွား၍ ဒသမလ၊ တစ်ရက်နေ့တွင် တောင်ထိပ်များပေါ်လာ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော်အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့်ကွပ်မျက်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။