ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်းကို သင့်အဖို့တည်ဆောက်လော့။ သင်္ဘောအတွင်း၌အခန်းများဖွဲ့၍ အတွင်း၊ အပြင်ကို သစ်စေးနှင့်သုတ်လော့။
ကမ္ဘာဦး 6:15 - မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောတည်ဆောက်ရမည့်ပုံစံမှာ ဤသို့ဖြစ်၏။ သင်္ဘောအလျားသည် အတောင်သုံးရာ၊ အနံသည် အတောင်ငါးဆယ်၊ အမြင့်သည် အတောင်သုံးဆယ်ရှိရမည်။ Common Language Bible သင်္ဘောကိုအလျားပေလေးရာငါးဆယ်၊ အနံ ပေခုနစ်ဆယ့်ငါး၊ အမြင့်ပေလေးဆယ်ငါး ရှိစေရမည်။- Garrad Bible သင်္ဘော လုပ် ရ မည့် စ နစ် ကား အ လျား အ တောင် သုံး ရာ၊ အ နံ အ တောင် ငါး ဆယ်၊ အ မြင့် အ တောင် သုံး ဆယ် ရှိ စေ ရ မည်။ Judson Bible လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိစေရမည်။ |
ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်းကို သင့်အဖို့တည်ဆောက်လော့။ သင်္ဘောအတွင်း၌အခန်းများဖွဲ့၍ အတွင်း၊ အပြင်ကို သစ်စေးနှင့်သုတ်လော့။
သင်္ဘောအတွက် အမိုးလုပ်၍ ၎င်းကို ကိုယ်ထည်အထက် တစ်တောင်အမြင့်တွင်ရှိစေရမည်။ သင်္ဘော၏နံဘေးတွင် တံခါးပေါက်ကို လုပ်ရမည်။ သင်္ဘောကို ပထမထပ်၊ ဒုတိယထပ်နှင့်တတိယထပ်ဟူ၍ သုံးထပ်တည်ဆောက်ရမည်။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)